သတင်း 323
- ကျူးလိပေါင်
- Nov 9, 2024
- 1 min read
သီတင်းကျွတ်ပြီဆိုတော့ ဟိုကဒီက နီးစပ်ရာ ကန်တော့ကြ။ မုန့်ဖိုးတောင်းကြပေါ့။ ကျူးကိုလဲ ကန်တော့သူကန်တော့ မုန့်ဖိုးတောင်းသူ တောင်းပေါ့။ ကျူးဖက်က တခွန်းပဲ ပြန်ပြောမိတယ်။ ရန်ကွမ်းတော်လှန်အင်အားစုတွေ ကြွေးကြော်တဲ့အတိုင်း “ကျွတ်မနေနဲ့ ကြုံး” ပဲ။ သီတင်းကျွတ်၊ တန်ဆောင်တိုင် ဒို့အိမ်လေးလဲ မြိုင်မြိုင်ဆိုင်ဆိုင် လုပ်မနေနဲ့။ ပန်းတိုင် မပျောက်နဲ့။ မျက်ခြေမပြတ်နဲ့။ အာဏာရှင် အကြမ်းဖက်သမားတွေ လက်အောက်မှာ သီတင်းကျွတ်လဲ အလကား။ တန်ဆောင်မုန်းလဲ ရင်ခုန်စရာမရှိ။ ဘာတွေမျှော်လင့်နေကြမှာလဲ။ နာရီမိနစ်စက္ကန့်မလပ် အာဏာရှင် စမုံတုံးရေး ဒို့အရေးပဲ။ ပြက္ခဒိန်ပေါ်က အခါကြီးရက်ကြီးတွေဆိုတာ အောင်ပွဲရမှ ဝှဲချီးကျင်းပရမယ့်ဟာတွေ။ အဓိက နဲ့ သာမညနဲ့ ကွဲကြရအောင်ပါ ဒို့ရွာသားတွေ။ စကားမစပ် ပြောရရင် မြနန္ဒာ ကိုယ်ရှိန်သတ်လို့ ဘာဖြစ်လဲ။ ကီယာက မေခတကျော ကြိတ်နေတာပဲ။ ကေနုနဲ့ ပီဒက်တွေက လေးကေ့ကော်ဗျုဟာကုန်း တက်သိမ်းပစ်တယ်လေ။ ဒါပဲလေ။ဒါပဲပေါ့။ တော်လှန်ရေးက တစုတဖွဲ့ အပေါ် တည်မှီထားတာမှ မဟုတ်ဘဲ။ လိုရင်းကိုသာ အာရုံစိုက်ကြ။ ဒီခရီးအတော်နီးနေပီ။ ကျွတ်မနေနဲ့ ကြုံးကြ။ ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (တော်လှန်ရေးသာပထမ၊ တော်လှန်ရေးသာ ဒုတိယ၊ တော်လှန်ရေးသာ အရာရာ ကဏ္ဍ)