သတင်း 317
- ကျူးလိပေါင်
- Nov 9, 2024
- 2 min read
အနဲရဲ့ ဖိတ်ခေါ်စာကို ရိုက်တာ က ထဖွတယ်။ နုကြည်နဲ့ အကိုထွင်းရယ်၊ ကီယာရယ်၊ အောက်ချင်းညီနောင်တွေကို လာလော့ ရှုလော့ အနဲတို့ ဌာနီလာခဲ့ပါ့လား ဆိုတဲ့စာ။ အက်ဒမှာ ဖျာတန်း မိုးမီးလောင်ပါလေရော။ အနဲ ဘာလဲ ဘယ်လဲတွေ ကြွက်ကြွက်ညံလို့။ အနဲရဲ့ ကုလားတန်က တရုတ်ပိုက်လိုင်းလို သူ့အတွေးနဲ့သူ အရေးကြီးသပေါ့ မဟုတ်လား။ ပွဲက ခုမှ ကြည့်ကောင်းလာတာ။ “တရုတ်ကဖိ ရှမ်းကအိ ရှိသည့်ဗမာ နောက်ကပါ” တွေ နားထား။ ထိုစဉ် အနဲ….. ခေါင်းခါခါ လည်ခါခါနဲ့ စည်းဝိုင်းထဲ ဝင်လာတဲ့အကွက်။ ခေါင်းလေးလှုပ်ခါလှုပ်ခါနဲ့ ဒို့လဲလိုက်မယ် ချန်မထားနဲ့ ဆိုတီးလေးနဲ့ ရောက်လာတာ။ ကြင်စိုးကတော့ ငပူတင်းအားကိုး ပုဆိန်ရိုးအကွက်နဲ့ ရူးလို့ကောင်းတုံး။ တနေ့ကပဲ ရုစကီ လေယာဉ်ဆိုက်သတဲ့။ Guided Missiles တွေတောင် သယ်လာဆိုပဲ။ အန်ကယ်လ်ဆန် နဲ့ EU တို့အတွက်တော့ တီတီ တီတီနဲ့ Antenna တွေ ခေါင်းကနေထွက်လာတဲ့အကွက်။ တီကောင် ဆားပုံသလို ထွန့်ထွန့်ကိုလူးလို့။ ဒါဘေမက် ဂျိုးဂျင်းဂျာ ဂျိုဂျာဂျိ...... ငတို့မှာ ငတို့သာရှိ။ အရှေ့မျှော် အနောက်မျှော်တွေကို မျှော်တလင့်လင့် ဇာတ်ကားတော့ မရိုက်မိစေနဲ့။ �ကိုယ့်ဝမ်းနာ ကိုယ်သာသိ လုပ်စရာရှိတာ အာရုံလေးစိုက်ပြီး မမှိတ်မသုန် ဆက်လုပ်ကြဖို့သာပ။ တကောင်းနီကယ်လ် တက်ကြိတ်ပစ်လိုက်တော့ ချီးနားတောင် အိမ်မြှောင်အမြီးညှပ်တဲ့အသံနဲ့ နုကြည်ကို အာရကေပေးဖို့ ကမ်းလှမ်းသတဲ့။ ပါဝါဆိုတာ ကိန်းသေမှ မဟုတ်ဘဲ။ ကိုယ့်အောက်ဖဲကောင်းရင် ကောင်းသလို ထရှိုးပစ်လို့ ရပါ့။ အရေးကြီးတာက အောက်ဖဲပဲ။ ကြင်စိုးကတော့ ထုံးစံအတိုင်း ဝိုင်းမသိမ်းမချင်း ဖဲကောင်းနိုး ကောင်းနိုးနဲ့ တဆုံးမိုက်နေမှာ။ Epic Comeback သူမျှော်ပြီး last minute အထိ မိုက်တွင်းဆက်နက်နေလေရဲ့။ သို့သော် မနိုင်တဲ့အဆုံး သူလည်း အူစိန်ဘော့ပဲ။ မယုံမရှိနဲ့။ ဘီလာရုစ်မှာ နောက်ဆုံး ခေါင်းချဖို့ ဝပ်ကျင်းတောင် ဆောက်ပြီး ပတဲ့။ အိုက်ခမန်းကို အာဂျင်တီးနားကနေ ဆွဲထုတ်စီရင်သလို ငတို့တွေ မော့ဆက်အထှာနဲ့ လုပ်ကြရဦးမှာပဲ။ ပြေးနိုင်လည်း မလွတ်စေနဲ့ဟေး။ ရေဘေးအကြောင်းပြ မသာရုပ်နဲ့ အလှူ့လက်ဖက် ငါ့အတွက် ထကြွယ်တာလဲ တွေ့မိရဲ့။ ထောင်မလဲသဲကော် မြန်မာငွေ ၃၁ ဘီလီယံ လောက် ရတာကို အိုင်ယာလန်ထီပေါက်သလို ခိုနီခိုပြာတသိုက်ရှေ့မှာ ငိုသံပါနဲ့ လက်ဆယ်ဖျာထိပ်မှာမိုးလို့ ကြင်စိုးခမျာ့ ကျေးဇူးကုဋေကုဋာ တင်မဆုံးပေဘူး။ “ကျနော် ဒီဟာနဲ့ပတ်သက်ပြီးတော့ မှတ်ထားပါ့မယ််.... မှတ်ထားပါ့မယ်” ဆိုပဲ။ “ငတို့လဲ ဒီဟာနဲ့ပတ်သက်ပြီးတော့..... မြင်ရကြားရသမျှကို မှတ်ထားပါ့မယ်... မှတ်ထားပါ့မယ်” ပေါ့။ ဘယ်သူတွေက ရေဘေးကြမှ ကြင်စိုးနဲ့ ပလူးပလဲ ပရဟိတစိတ်တွေ ရေစီးကမ်းပြိုလိုက် တဖွားဖွားဖြစ်ကြသလဲဆိုတာ မှတ်ထားပါ့မယ်။ ဒီတိုင်းပြည်မှာ အဲ့သလို ဝိနည်းလွတ် အလှူလုပ်ပြရုံနဲ့ ကျေနပ်ရအောင် ငတို့က ဒါရိုက်တာမောင်မောင်မြင့်ရဲ့ အငယ်ဆုံးသားမှ မဟုတ်ဘဲ။ အမှတ်သည်းခြေရော၊ နှလုံးရော ကလီစာရော အကုန်ရှိကြရမှာ။ ဒီပွဲ ဘာကြောင့် ဘယ်သူတွေကြောင့် ဘယ်လိုကြာနေသလဲဆိုတာ မေ့ပစ် လို့မှ မဖြစ်ဘဲ။ တော်လှန်ရေးဆိုတဲ့ ဇကာကြီးနဲ့ စစ်ချလိုက်ရင် အကုန် ဘွင်းဘွင်းနဲ့ ရှင်းရှင်းပဲလေနော့။ ရေဘေး၊ လေဘေးထက် အာဏာရှင် ဘေးကနေ လွတ်အောင်လုပ်နေကြတာမို့ ဆတုတ် တိုက်လိုက်ရင် အကုန်လုံး ပုန်းမရပါဘူး။ ဒါနဲ့ စကားမစပ် မအလက ကာမီကာဇေဒရုန်းတွေ အသည်းအသန် လိုက်ဝယ်နေသတဲ့။ အဲ့ကိစ္စ မပေါ့သင့်။ ဘယ်သူတွေ ဘယ်လို ပါဝင် ပတ်သက်နေသလဲဆိုတာ တော်လှန်ရေးဖက်ခြမ်းက ဆွေစဉ်မျိုးဆက်အထိ သိနေပါသတဲ့။ ကြင်စိုး ခွေးပြေးဝက်ပြေး ပြေးဖို့အတွက် အားကြိုးမာန်တက် ကြိုးကုတ်နေသူများရဲ့ စာရင်းလည်း ငတို့ဖက်မှာ ရထားပြီးပတဲ့။ ၀ကကအ ဆိုတဲ့ ဘဲ တောကြောင်လက်ခမောင်း အခတ်ဆုံးဆိုပဲ။ အမြည်းသဘောနဲ့ နည်းနည်းလောက် ပြောပြတာနော်။ မအလရဲ့ ဒရုန်း ဝယ်ယူရေးမှာ ငွေတမျက်နှာထဲနဲ့ ဒိုက်ဗင်ဝင်ပစ်ကြသူတွေထဲ ပြည်သူ့သံအမတ် IR-King ဘိုးကျော် လုပ်ကြံဖို့ကြိုးစားတဲ့ မောင်ကိုဂျီး အနွှယ်တော်တွေ ပါနေကြောင်းလည်း အချက်နဲ့အလက်နဲ့ သိနေပါသတဲ့။ ခေါင်းပြားအောင် အိပ်ပျော်ကြပါစေလို့ ဆုမွန်ချွေပါရဲ့။ ပြီးတော့မှ လုပ်ရက်လေခြင်းဆိုပြီး မျက်ရည်မချူလေနဲ့။ ငတို့မျက်ရည်က ပြိတ္တာမျက်ရည်ထက် ဂါလံ အသိန်းအသန်း များနေပြီ။ တလက်စထဲ ငတို့အကြောင်း ပြောရဦးမယ်။ နွေဦး မိုးကောင်းကင်အောက်မှာ ကြွေလွင့်သွားရှာတဲ့ သူရဲကောင်းအရေအတွက် ဘယ်လောက်ရှိပြီထင်လဲ။ ပန်းနဲ့ပေါက်နေတဲ့ တော်လှန်ရေး မဟုတ်လေတော့ ဂျိမ်းစ်ဘွန်းလိုမျိုး သူကလွဲလို့ ကျန်တဲ့လူ အကုန်သေဆိုတာမျိုးတော့ ကေသီခိုင်အတွေး မတွေးကြပါနဲ့။ အနာရှိတဲ့ ပန်းသီးတလုံးလိုပေါ့။ နာတဲ့အပိုင်းတွေ ရှိသလို ကောင်းတဲ့အပိုင်းက ပိုများတာကို မြင်အောင်ကြည့်ကြပါ။ ဟောဒီ နွေဦးမှာ အများစိတ်ထဲ နာမည်ဆိုးနဲ့ကျော်ကြားပုံဖျက်ခံရတဲ့ ပသုံးလုံး (ပကဖ၊ ပအဖ၊ ပလဖ) အဖွဲ့ဝင်တွေ ထောင်ချီပြီး အသက်စွန့်ခဲ့ပြီးပြီဆိုတာ သိကြရဲ့လား။ ဆိုရှယ်မီဒီယာမှာ မြင်ရဖတ်ရတဲ့ တိုက်ပွဲသတင်းတွေကိုပဲကြည့်။ ဘယ်နယ်မှာ ဘယ်တိုက်ပွဲဖြစ်ပဟေ့ဆိုရင် အဲ့နယ်က ပကဖ၊ပအဖ ပါပြီးသား မဟုတ်လား။ စုန်းပြူးတချို့တလေကိုပဲ ကွက်မြင်ပြီး အမှန်တကယ် စွန့်လွှတ်စွန့်စားနေကြတဲ့ ပကဖ၊ပအဖ တွေကို ကျော်တို့တတွေ ဂုဏ်မပြုချင်ရင်နေ၊ မစော်ကားမိအောင်တော့ သတိလေးကပ်ကြရအောင်ပါ။ သူတို့အတွက် ထိုက်တန်တဲ့ အားပေးမှုကို လုပ်ကြရအောင်ပါ။ အဆစ်အနေနဲ့ သူအို၊သူနာ၊သူသေ နိမိတ်ကြီး ၄ ပါး မြင်သာအောင် ကြင်စိုးရဲ့ ဘီဒို ထည့်ပေးလိုက်ပါတယ်။ ရုပ်ဆင်းရူပကာ၊ အသံနေ အသံထားကြည့်ပြီး ဂျပေါင်ကုတော့ မြန်စွာမသွေ လစ်တော့မှာပဲလို့ မိုတီ ယူကြပါကုန်...........။ ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ကြင်စိုးနိဂုံး တဆုံးကြိတ်ကြစို့ ကဏ္ဍ)