သတင်း 315
- ကျူးလိပေါင်
- Nov 9, 2024
- 1 min read
ရည်မွန်စကီးရဲ့ အောင်စကားကြောင့် ဘမောတွေ ငိုနေသတဲ့။ ကိန်းနဲ့ ဂဏန်းနဲ့ ရည်မွန်စကီးက ဆော်တာကိုး။ နွေဦးတပ်ဖွဲ့တွေ ပိုင်ပိုင်နိုင်နိုင် သိမ်းထားတာ ၇၅ မြို့ ရှိသတဲ့။ ခုတော့ သပိတ်ကျင်းတမြို့တိုး ၇၆ မြို့ ဖြစ်စေ။ သိမ်းတော့ မသိမ်းရသေးဘူး သို့သော် ခဝေးတွေကို ဝိုင်းပတ်ပိတ်လှောင်ထားတဲ့မြို့က ၁၀၅ မြို့တောင် ရှိသတဲ့။ သူတင်ကိုယ်တင် တိုက်ပွဲဝင်နေတဲ့မြို့က ၇၄ မြို့ တဲ့။ စာရင်းချုပ်သော်.. ကြင်စိုးအိပ်ထောင်ထဲမှာ မြို့ ၁၀၀ တောင်မကျန်ရှာတော့ဘူးတဲ့။ မုတ္တမတွေ ငိုဇမ်းပေါ့လေ။ မြန်မာပြည် မြေပုံကြီး ရှေ့ချပြီး ငတို့မှာ ဇီးကွက်ခေါင်းဖြတ်သလောက်ပဲ ကျန်တော့ဒယ်ဆိုပြီး လောင်နေကြလေရဲ့။ ဒီနေ့ အားအရဆုံးက ငတို့ သမ္မတကြီးက ဟိုဖက်ရပ်ကွက်က သမ္မတအတုအယောင် ဂျင်းကောင်ကို သောက်ရူးလို့ ဒဲ့ကစ်တာပဲ အဟက်ဟက်။ ကြိတ်ချက်က စက်စက်ယို မအလခမျာ့ငို။ ဆိုတော့ကွယ် ဒီည စာအရှည်ကြီး မရေးလို။ ရေးစရာလဲ လိုမည်မထင်။ “ပုံသာကြည့် အကုန်သိ” ငတို့နိုင်နေပီ အဟိအဟိ။ ဖောင်ပိတ်သတင်း (နွားထိုးကြီး တိုက်ပွဲမှာ တာကောရဲ့ ပိုက်လိုင်းစောင့်စခန်း ငတို့ ပီဒက်တွေ သိမ်းထားသတဲ့။ တာကောရဲ့ လည်မျိုညှစ်တဲ့ နောက်တကွက်လို့ မှတ်ပါလေ) ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ဒီပွဲမနိုင် ဘယ်ပွဲနိုင် ကဏ္ဍ)

