top of page
Search

သတင်း 314

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • Nov 9, 2024
  • 1 min read

ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးရှင် တားရားရဇ်ဂတုံးရဲ့ တရားတော် ဒီရက်ပိုင်းအတော်ပေါက်တယ်။ “ကဲ.. မသာကြီး မအလ ရေစက်ခွက်ကိုင် လိုက်ဆို.. အလှူဒါန ပြုကြသည်မှာ.. ဤသို့ပြုရ အကုသလကြောင့်... အမျှအမျှအမျှ” တဲ့။ ၃ ပါတီပြောင်း၊ ဗလောင်းဗလဲကောင်ကလဲ “ချိုမိုင်မိုင် ကကြိုးလေးပဲ သူ က တတ်တယ် မအေဘေး---- ဆင်းပါတော့ဗျို့” တဲ့။ ဒါတင်ပဲလားဆိုတော့ အဖိုးကြီးတယောက် ရန်ကုန်ကနေ မြစ်ကြီးနားရထားစီးတဲ့ ပုံပြင်လိုလို၊ တဘောင်လိုလိုလဲ မြောက်မြန်မာမှာ ခေတ်စားနေသေးတယ်။ ဘယ်မြို့မှာ ရထားပြောင်းစီးရမလဲ အဖိုးကြီးကမေးတာကို “အဘ.. မန္တလေးကျရင် ဆင်းရမှာ”လို့ ပြန်ဖြေသတဲ့။ မန္တလေးက ကျတော့မှာလေ။ မုတ္တမတွေကိုယ်တိုင် သူတို့ရဲ့ ဇာတ်လိုက်ကျော်ကြီး မောင်ကြင်စိုးကို အားပေးချက်တွေ အာ့လို ကြမ်းနေကြတာ။ ဒါဘေမက် ဒလောက်နဲ့ ကြင်စိုးက မဖြုံ။ ဖြစ်/ပျက် ရှူပါဆို ဘူကြီးထိုင်ရိုက်နေသလို သူ့အတွေးနဲ့သူ၊ သူ့ပလန်နဲ့သူ။ ဘယ်သူတွေ ဘာပြောပြော ကြင်စိုးက ကုံးမပါတဲ့ စက်ဘီးကို ကြုံးကြုံးပြီးနင်းနေတော့တာ။ ဇောင့်ကနဲ့ တချက်နင်းလိုက် စွပ်ကနဲတချက်ဝင်လိုက်နဲ့ လှုပ်လေမြှုပ်လေ ဖီးလ်တက်လို့ မဆုံး။ ရမခ ကျတဲ့ အထိမ်းအမှတ် “ဆိုကရေးတီး” ပွဲကြီး ဝှဲချီးကျင်းပအုံးမတဲ့။ အာ့ပြီးရင် သူ့တပ်သားတွေအတွက် အမျိုးသားအားကစားပွဲတော် လုပ်ပေးအုံးမှာ။ သူ့တိုင်းမှူး/တပ်မမှူး/ဗျူဟာမှူးတွေက ပြေးခုန်ပစ် ထူးချွန်ကြတယ်လေ။ ပြေးလိုက်ကြတာ မှုန်လို့။ ခြံခုန်ရာမှာလဲ ဆရာတွေချည်း။ စခန်းပစ်ပြေးတဲ့နေရာမှာလဲ ဘက်မတူတဲ့တက်လူတွေကိုး။ အိုလံပစ်ကို အဲ့အဖွဲ့ စောစောကလွှတ်ပြိုင်ခိုင်းရင် ကြင်စိုးအားကစား ကမ္ဘာလွှမ်းဖို့ သေချာသလောက်ပဲ။ သို့သော် ခရုမှာလဲ အဆံနဲ့၊ ဂျပုမှာလဲ အကြံနဲ့။ ကြောင်သူတော် ကြံ့သူခိုး ဖျင်ရီကို ရုရှားအားကိုး ပုဆိန်ရိုးလုပ်ခိုင်းလိုက်တယ်။ ငပူတင်းသာ ဘဝ၊ ငပူတင်းသာ အားကိုးရာ၊ ငပူတင်းသာ ရွှေတောင်ကြီး၊ ကယ်ပါယူပါ တစာစာ ထကြွေးကြော်တယ်။ တာကော..ဒူးယူကော်ပီ အထာပေါ့။ တာကောကလဲ ကမ္ဘာပတ်ပြီး ကဗျာဖတ်နေတာလေ။အထာပေးလို့ကတော့ ဆြာလေးလဲ မချန်ဘူး။ ရော်ဂျာ ဆိုပြီး စိန်နဘံကောက်စွပ်၊ ချက်ခြင်းရောက်ချလာ။ တဆုံးထည့်သွားတာ ဂျပုခမျာ့ ပါးစပ်ကတောင် ပြန်အံထွက်လို့ rimming လုပ်ပေးလိုက်ရသေးသတဲ့။ စကားမစပ် တာကောနဲ့ နုကြည် အတော် ကီးကိုက်နေသတဲ့။ တကောင်းစက်ရုံ သိမ်းတာနဲ့မဆိုင်။ အဲ့မတိုင်ခင်ထဲက အပေးအယူ အတော်တည့်နေဆိုပဲ။ လိုင်းပေါ်က ၁-ယုတ်အရေး ကျွမ်းကျင်သူ ဆြာ့ဆြာ ဇွတ်ကျားတွေကိုတော့ သွားမပျော့လေနဲ့။ ယုံမယ်မထင်။ ဒါနဲ့ ပိုးအိစံလင်လဲ ခြေမတွေကွေးပြီး အမြှုပ်တစီစီနဲ့ မို့ တုံးကျော်မတို့တသိုက် ခေါင်းငိုက်စိုက်ကျနေသတဲ့။ ပြည်ပရောက် ဒို့ရွာသားတွေ ပိုက်ပိုက်ပြန်မလွှဲကြလို့ ပုံးကြောင်၊ ကြောင်ပျောက် ကြံရာမရတဲ့အဆုံး ထောင်မလဲသဲကော်တွေပဲ လှိမ့်ရိုက်နေသတဲ့။ ကြားမိသလောက် တလကို 1~2 trillions အထိ မိုက်မိုက်ရိုင်းရိုင်း ရိုက်ထုတ်နေသတဲ့။ ဒီရက်ပိုင်း အားအရဆုံးသတင်းက ထုစိန်လင် ဂျင်းကောင်လက်ချက်နဲ့ ဒင်းတို့ဂျမ်မာတွေ အလုပ်မဖြစ်တဲ့ကိစ္စပဲ။ ထုစိန်လင်က အောက်တန်းစား OTS အပတ်စဉ်-၆၄ က ဘူကောင်။ မအလ ရဲ့ နေ့နံကလဲ ကြာသပတေး-၅၊ တနင်္ဂနွေ-၁၊ ဗုဒ္ဓဟူး-၄ ဆိုတော့ ပေါင်းခြင်း ဘူ။ လက်ရှိ ခြောက်လခံဆေးထိုးထားတဲ့ အစည်းအဝေးအမှတ်စဉ်ကလဲ ၂/၂၀၂၄ ဆိုတော့ ပေါင်းလိုက်ရင် ဘူ။ ဆိုတော့ကာ.... ဒီ ၆ လမှာ ဒီဘူကောင် မပြုတ် ဘယ်ကောင်ပြုတ်မလဲ။ ရည်မွန်စကီးတို့ ရှမ်း/မန်း အော်ပရေးရှင်းကလဲ ဒို့မန္တလေး မြို့ကြီးနဲ့ တခေါ်၊ တပြစာ ပျော့ပျော့ပဲ ကျန်တော့တာ မဟုတ်လား။ ကဲ… ပွဲသိမ်းလိုက်ကြစို့။ ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (စွတ်ထိုးလိမ်ထုတ်၊ ဂျပုပြုတ် ကဏ္ဍ)

 
 

Recent Posts

See All
ကျူးလိပေါင် သတင်းစဉ် (နိုင်ရာဝန်ထမ်း နွေဦးလမ်းကို ကမ်းကပ်သည်အထိ လျှောက်ကြရအောင် ကဏ္ဍ)

လူထုနွေဦးက အတိတ်စိမ်းပေးမှတော့ ဒီအပတ် အပူးအခွသာထိုး။ ခုန်ဆင်း၊ အိမ်တိုင်ချွတ်၊ နားကပ်ပေါင်၊ မီးဖိုချောင်ရေကြီး၊ မီးခိုးတိတ် ပိတ်သာထိုးကြ။...

 
 
ကျူးလိပေါင် သတင်းစဉ် (ဒိုမီနိုကြင်စိုး၏ နောက်ဆုံးနေ့များ ကဏ္ဍ)

သေ့ ဘော ဘိုး ရပီတဲ့။ မုတ္တမဂေလန်းတော့ ညလုံးပေါက် အိပ်နိုင်မယ်မထင်။ ဒင်းတို့အဖြစ်ကလဲ သူ့ကျွန်မခံပြီဇာတ်ကား ကြည့်ရသလိုပဲ။ နိုင်နိုး...

 
 
ကျူးလိပေါင် သတင်းစဉ် (လမ်းပုခုံးမေးတင်၊ပြေးရန်ပြင်၊ ငကြင့်ဖြစ်အင် ကဏ္ဍ)

အကုသိုလ်ကောင်နဲ့ တခါလား နှစ်ခါလား လက်လေးဆွဲ နှုတ်ဆက်မိပါတယ်။ ငပူတင်းဘွ အိမ်ဦးခန်း ဖွတ်တက်ကိန်း ဆိုက်ရှာပြီ။ ဗျူဟာမြောက်ငှက်တွေ...

 
 
  • Telegram
  • Facebook
bottom of page