သတင်း 312
- ကျူးလိပေါင်
- Nov 9, 2024
- 1 min read
အိမ်း…… ဘိုးထိန်ပြောသလို စေ-ာက်ရူး ၆ ခါတော့ ပြည့်ပီ။ သန်းမကြီးလဲ ဖြစ်ပီ။ ဂန့်ဖို့ပဲ ကျန်တော့တယ်။ သွသူ ယာယီသမ္မတလို့ မရဲတရဲ လူလုံးထွက်ပြရုံရှိသေး။ မောင်တောက လက်ကျန်စခန်း နခခ(၅)ကို အကိုထွင်း တက်ကြိတ်ပစ်လိုက်သတဲ့။ မန်းပီဒီအက်ဖ်ကလဲ မတ္တရာမှာ စခန်း ၃၅ ခု သိမ်းပြီးကြောင်း ဒီကနေ့ မောင်းခတ်ကြေညာတယ်။ မိုးမိတ်လဲ စိုးထိတ်မနေနဲ့တော့.. တင်နီလာအေးက သိမ်းလိုက်ပတဲ့။ ဘုန်းတော်သုည၊ ဉာဏ်တော်နတ္ထိနဲ့ သန်းမကြီးဆိုတော့လဲ အပြိုင်အဆိုင် ဝိုင်းဂုဏ်ပြုနေကြတာ အားရစရာ။ မည်သို့ရှိစေ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ကြင်စိုးက အရှုံးမပျက် ရုံးတက်လျက်။ ကာလုံ အစည်းအဝေးခေါ် ကိုယ့်ဖဲကိုယ်ချိုး ကွကိုယ်သက်တမ်းတိုးပြလိုက်တယ်။ ယူတတ်ရင် မုတ္တမရပ်ကွက်အတွက် မိုတီတွေ။ သူ့ကြည့်ပြီး မင်းသားကြီးဝင်းဦး တခတ်တခါက ၈-ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ “ချစ်သူရွေးမယ် ချစ်ဝဲလယ်” ဆိုတဲ့ ဇာတ်ကားတောင် သတိရမိသေး။ ယာယီသမ္မတအဖြစ် တမျိုး၊ ဝန်ကြီးချုပ်အဖြစ် တဖုံ၊ နစကဥက္ကဌကြီးအဖြစ် တဘာသာ၊ တပ်ချုပ်ကြီးအဖြစ် တပုံစံ၊ စုံလင်ကွဲပြားတဲ့ စရိုက်အမျိုးမျိုးကို သဏ္ဍာန်လုပ်သရုပ်တူအောင် ကိုယ်ခွဲတွေအများကြီးနဲ့ ထင်တိုင်းကြဲနေတာလေ။ ဝင်းဦးက ပြည်သူ့အချစ်တော်။ ဇာတ်ကားက “ချစ်သူရွေးမယ် ချစ်ဝဲလယ်”။ သူကတော့ ပြည်သူ့ချဉ်ဖတ်တော်။ ဇာတ်ကားနာမည်က “ကြိုးစင်ရွေးမယ် သူဒစ်လယ်”။ ကြင်စိုးတိုက်တဲ့ စပရိုက်သောက်ပြီး သာကောတောင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူးတဲ့။ ပီကင်းပြန် ပြောင်ကြီးနဲ့ ကြွက်ပျင်းလဲ သာကောကို ဘယ်လိုပြောရပါ့ ဆိုပြီး အကြံအိုက်နေကြသတဲ့။ ဒါဘေမက် ကြင်စိုးက နီရိုးဝင်စားတာ။ အာ့တွေ သူစိတ်မဝင်စား။ သူ့ဟာသူ လျှာနဲ့ယက်နေရရင် အာသာပြေနေတာ။ သူ့တပ်တွေ ဘာဖြစ်ဖြစ်၊ သူ့စခန်းတွေ ဘယ်လောက်ကျကျ၊ သူလုပ်ချင်ရာလုပ်နေရရင် ကျေနပ်နေတော့တာ။ ငွေလိုနေရင် ငွေရိုက်ထုတ်မယ်ဆိုပြီး ရိုက်လိုက်တဲ့ ပိုက်ဆံကလဲ ကင်ပေတိုင်တောင် ထိုင်ရှိခိုးရတယ်။ မကြာခင် ပိုလီယိုဆင်တွေ စျေးကွက်ထဲ အလုံးအရင်းနဲ့ ဝင်လာပါလိမ့်။ ဘဏ်တွေမှာလဲ ငွေလက်ကျန်က မရှိသလောက်တဲ့။ လွန်ခဲ့တဲ့ ၃ ပတ်လောက်က တုံးကျော်မတို့တသိုက် လက်ပူတိုက်ပြီး ၃ ထွီ ထည့်ပေးလို့ ခဏအသက်ဆက်နေတာတဲ့။ သို့သော် ဘဏ်တွေက “အာ”တောင်မဆွတ်၊ ပြိုက်ကနဲ ကုန်။ ပိုးအိစံလင်လဲ မျော့မျော့ပဲကျန်တော့သမို့ ဆီသမားတွေ ငုတ်တုတ်မေ့။ ရန်ကွမ်း၊ ဝါစိန်မှာ ဒီဇယ်၊ ဓါတ်ဆီ အကုန်ပြတ်။ Denko ဆိုင်တွေ ပိတ်ထားတာ တမြန်မနေ့ကတည်းက။ ကျန်ဆိုင်တွေလဲ ဆီလက်ကျန်မရှိသလောက် ဖြစ်နေပြီတဲ့။ ဒါတောင် သဒေါင်းဇားက လွှတ်တော်တက် မိန့်ခွန်းချွေဦးမတဲ့။ မသေးခင် လုပ်ချင်တာ အကုန်စုံစေ့အောင်လုပ်သွားမယ် ဆိုတဲ့အထာ။ ခွေးရူးကောင်းစား တမွန်းတည့်တဲ့။ ကြင်စိုးအတွက်မတော့ “မွန်းတည့်ချိန်မှာ နေဝင်သည်” ပေါ့။ ကဲ ဆက်ဆွဲလိုက်ကြရအောင် ညီနောင်တို့။ ဖောင်ပိတ်သတင်း - တနေ့က ရွှေပြည်အေးတရား ဂယောင်ထဟောတဲ့ ဘိန်းခိုနီကောင်ရဲ့ လားရှိုးက ဟိုတယ်တော့ ပြာကျသွားပြီဟု မြေပြင်သတင်းအရ သိရ။ ဆို့စ်-ကျူးလိပေါင်သတင်းစဉ် ( ကြင်စိုး၏ “ကြိုးစင်ရွေးမယ် သူဒစ်လယ်” ကဏ္ဍ)
