သတင်း 310
- ကျူးလိပေါင်
- Nov 9, 2024
- 1 min read
နိုင်ငံတော်အဆင့် အောင်ဇေယျကြီးတော့ ပြန်ဆုတ်သွားပတဲ့။ ဒုတ်ဘတ်ဘတ်ကြီးက ကြင်စိုးလို ကြောင်ချီးမဟုတ်၊ တကယ့်ဖိုက်တာကြီး ဆိုတဲ့ ကြွက်ပျင်းရဲ့ မြဝတီမရောက် အမှတ်တရပေါ့။ အလောင်းဘုရား ဦးအောင်ဇေယျဆိုတာ ယပလက်တက်တိုက်ရင်း မနိုင်လို့ ပြန်လာတဲ့ လမ်းမှာ ဂန့်တာ။ ဘယ်နားမှာ ဂန့်လဲဆိုတော့ အခုအောင်ဇေယျစ-စ်ကြောင်း ပြန်ဆုတ်ခဲ့ရတဲ့ ဒေါနတကြော ဘီးလင်းနား။ အဲ့နယ်မှာ မာလကီးယားခဲ့တဲ့သူရဲ့ နာမည်ယူသုံးမှတော့ အက်စ-စ်ကြောင်း နိုင်မတဲ့လား။ ဒုတ်ဘတ်ဘတ်ကြီးကိုယ်တိုင် ကံသီလို့ မရှောတာ။ ဒရုန်းစာမိပြီး တလလောက် တပ်တွင်းပုန်း ဘဝနဲ့ ဇာတ်မြှုပ်နေရသေးမဟုတ်လား။ အက်နာမည် သူပဲပေးတာတဲ့။ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတွေက တနင်္ဂနွေနံ ပေးရမယ်ဆိုလို အမည်သညာခေါ်စရာကား “အောင်ဇေယျ” တွင်စေသတည်းပေါ့။ သမိုင်း အဲ့လို ကြေတာ။ တမလွန်က အလောင်းဘုရားသိရင် ကြင်စိုးတို့တသိုက်ကို ငါကိုင်တုတ်လောက်ကဲ့။ နေရင်းထိုင်ရင်း သူပါ ရောယောင်နာမည်ပျက်တယ်ဆိုပြီးတော့။ မည်သို့ဆိုစေ ကြွက်ပျင်းကို ကြင်စိုး အပြစ်မဖို့သာ။ “သီရီအတင်းအဓမ္မ၊ မဏိဇောတ သွက်ချာပါဒ၊ အဂ္ဂမသာ သမ္မတ” ဘွဲ့တံဆိပ်တွေ ကွကိုယ်ပြန်ပေးနေရလို့ သူမအား။ ဘယ်သူပေးပေး မပေးပေး ငါ့ဟာငါပြန်ပေး ၄ ဖြစ်လားဆိုတဲ့အထာ။ ၆ လုံးတန်းက စော-က်လုံးကန်း တွေလဲ သူ့ကိုမနိုင်တဲ့ အပြင် ကြောက်နေရတဲ့အဖြစ်။ ငရွှေ၊ငမန်း၊ငအေး၊ငစိန်တို့ ကြည့်နေကြည့်စားကြနော်တဲ့။ ကြင်စိုး ဖြုတ်ချက် လက်လန်။ အခုမှ ဖြုတ်တာတော့ မဟုတ်။ ပြီးခဲ့တဲ့ သင်္ကြန်ကတည်းက ငရွှေ့အိမ်ကို ကြင်စိုးခိုင်းလို့ သွားဝိုင်းကြသေးသတဲ့။ အက်မှာ ငရွှေ့ ကိုယ်ရံတော် တပ်နဲ့ ကြင်စိုးတပ်တို့ ပစ်မလိုခတ်မလိုအထိ ဖြစ်ကြသေးဆိုပဲ။ ဇာတ်လမ်းက အက်ကတည်းက စနေတာ။ ကြင်စိုးက ဘယ်သူ့ကိုမှ မယုံတော့ဘူး။ ဒီလပိုင်း နပတ ဝပ်ကျင်းကနေ ဘယ်မှ မရွှေ့။ ပီကင်းပြန် ငစိန်ရဲ့ စကားကြောင့်လည်း ဒေါသူပုန်ထသတဲ့။ မြှောက်ပေးကြတုံးက ခင်ဗျားကြီးတို့ပဲ ဝိုင်းမြှောက်ပေးကြတယ်။ အခုမှ ကျုပ်တယောက်ထဲခံဆိုတာမျိုး လာမလုပ်နဲ့။ မဟုတ်တယုတ် အကြံပေးသလို ကျုပ်နေရာဖယ်ပေးနိုင်ပုတဲ့။ အကြီးအကျယ် ပေါက်ကွဲသတဲ့။ ဖယ်မပေးတဲ့အပြင် သမ္မတတောင် တက်လုပ်လိုက်သေး။ ကြင်စိုးများ ဘာမှတ်။ ဒီလောက်တော့ သူ မ အ။ ထိုင်ခုံက ဖျင်တချက်ရွှေ့လိုက်တာနဲ့ ဆင်ရော၊မြင်းရော၊ပြောင်းဖူးရိုးရော တဆုံးထည့်ခံထိမှာ သူသိတယ်။ သို့သော် သူ ရတက်မအေး။ ညညဆို ကောင်းကောင်းတောင် မအိပ်တော့ဘူးတဲ့။ စခန်းတွေက တခုပြီးတခုကျ။ မြို့တွေက တမြို့ပြီးတမြို့ ကုန်။ ဒီကြားထဲ ဖရန့်ထ်လိုင်း မှာဆိုရင် ငဗျူတွေက ကွန်ကရစ်ဘန်ကာထဲမှာ လချီပြီး ဆောင်းခိုကြသတဲ့။ ၃ စိတွေကတော့ လိုက်ကျင်းထဲမှာ နှာခေါင်းထယ်ထိုးပြီး "ရထား ရထား - ၃၂ ပါ အဘ" "အောင်နိုင် အောင်ခိုင် ရေခဲ ပါ အဘ" နဲ့ ခုနစ်သံချီ ဟစ်တာလောက်ပဲ တတ်သတဲ့။ ပြောသာ ပြောတာပါ အောက်ခြေက ကောင်တွေကလည်း ကျားထိုးတက်ဆိုရင် စက်ပေါ်ကနေ အသံကျားလောက်ပဲ ထိုးပြတာ။ ဆိုတော့ ဟဲဗီး စခန်းတွေ၊ မြို့တွေ တလစပ် ခွက်ခွက်လန်ပြီပေါ့။ အရင်က စောက်ကြောတင်းတင်းနဲ့ ထွက်လိမ်တဲ့ မဲလုံးတောင် အခုတော့ အိမ်မြှောင်အမြီး တံခါးညှပ်သံနဲ့ ထွက်လိမ်နေရရှာပြီ။ မမဆောင်း ခေါ်ပြီး သတင်းထုတ်ပြန်ခိုင်းရင်တောင် မဲလုံးထက် သာဦးမယ်။ လားရှိုးကလေ.... ဘယ်လိုပျော့ရမလဲပေါ့နော်.... အဟင်းဟင်း ခစ် ခစ်.. ကျသလို မကျသလိုလိုပေါ့နော်.. အဟင်းခစ်.... ဆိုတာမျိုးပေါ့။ ဖောင်ပိတ်သတင်း - ကြင်စိုးတကောင် ညဉ့်သန်းခေါင် အိပ်မပျော်လို့ ကားကိုယ်တိုင်မောင်းပြီး ယတြာသခင် လုံးဂတီးဆီသွားမေးသတဲ့။ ဒပဲ့တော် ဘာလုပ်သင့်သလဲတဲ့။ ဟိုက ဖယ်သာပေးလိုက်ပါတော့ ဒကာတော်ရယ် ပြောလွှတ်လိုက်လို့ ကာမသုခဓါတ်ချောင်းနဲ့ အထိုးခံရသလို နင်ပြီး ပြန်လာရတယ်လို့ ကြားသာဖဲ အဟင်းဟင်း။ ဆို့စ်-ကျူးလိပေါင်သတင်းစဉ် ( သီရိအတင်းအဓမ္မ၊ မဏိဇောတ သွက်ချာပါဒ၊ အဂ္ဂမသာ သောက်ရူးသမ္မတ- ကဏ္ဍ)