top of page
Search

သတင်း 307

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • Nov 9, 2024
  • 1 min read

ပလက်ဝ မှာ ခဝဲဗျူဟာကုန်း နဲ့ ပွိုင့်-၃၇၇ ကို ရခိုင့်တပ်တော်နဲ့ ချင်းအဖွဲ့တွေ ဝင်သိမ်းလို့ အပနားမြေ မီဇိုရမ်ထဲကို ခဝေး အကောင် ၂၀၀ နီးပါး ဝင်ပြေးသတဲ့။ (ဖျာတန်း မီဒီယာတွေ ဖွချက်အရဆို) ငဗျူ တကောင်တောင်ပါသေး လိုက်ပြေးတာဆိုပဲ။ ရဟတ်ယာဉ် ခွဲတမ်းဖိုး လာဘ်ထိုးတာ စျေးမြင့်တော့ မတတ်နိုင်လို့တဲ့လေ။ လောက်ဖျာ လို အောက်ပါ အရည်အချင်း မရှိတော့လည်း ခံပေါ့။ ထားပါလေ။ ပြောချင်တာက အပနားဖက်က ထုတ်ပြတဲ့ ပုံတွေမှာ စုတ်ပြတ်သပ်၊ ယူနီဖောင်း အရောင်မထွက်တော့တဲ့ ညစ်ထေးထေး ကာလာနဲ့ ခဝေးတအုပ် ကြက်သတုံးရုပ်၊ စုတ်ပြတ်စွာ ထိုင်‌ငေါင်နေတာ တွေ့လိုက်ရတယ်။ လနဲ့ ချီပြီး ရေမိုးမချိုး အိန်းကျီ လဲခွင့်မသာတဲ့ သူဖုန်းစား အုပ်လိုက်ကြီးဟာ သူတို့ရဲ့ ဂျီးရှစ်သစ်အခွက်တွေနဲ့ ဝပ်ရှော့ ဆရာရဲ့ ဘောင်းဘီတိုလို အရောင်းအဆင်း ယူနီဖောင်းဟပ်နေတာမျန်း လေအောက်အရပ်မှာ နေမိရင် အနံ့နဲ့တင် မူးမေ့အောအန် ပက်လက်လန် သွားနိုင်ပါတယ်။ ပလက်ဝမှာမို့ ဖွတ်ကျားကာလာ ထွက်နေရဟန်တူတယ်လို့ ကွန်ပလိန့် မတက်မိလေနဲ့။ ရှမ်းမြောက် မှာ MA ပိုက်၊ အပုံလိုက်ခွေတဲ့ အကောင်ပုပ် တွေလဲ ထူးမခြားနား။ အဲ့အရောင်ပါပဲ။ မတော်မတည့် ပွယောင်းယောင်း ယူနီဖောင်းတွေကြောင့် ဖျင်တုံးလုံး ဖြစ်နေတာကတော့ အဆစ်။ သဘောက် ကောင်တွေကတော့ ကုလားပဲပိုးထိုး လက်တဆုပ်ကို ရောဖျောပြီး ၃-၄ ရက် ဆန့်စားနေဘေမက် သူရို့ သခင် အဆစ်တိုကောင်ကတော့ စပ်ဖျဲဖျဲနဲ့ ကျောက်ဘုရားတွေ လိုက်ဝေနေတုန်းပါပဲ။ လားရှိုးကို ဝင်ဆောင့်တော့မယ် ကြားတော့ ဗျောက်ကလေး ခါးထိုးလို့ အပြေးအလွှား ကျောက်ဘုရား သွားပေးတာကိုသာ ကြည့်ပေးတော့။ ဒါတောင် ရောက်ပြန်၊ ညအိပ်ညနေ မနေရဲရှာ။ ခုတော့ လဖက်ခြောက်ကို ထိုင်ခိုင်းထားတယ်လို့ ကြားတယ်။ လဖက်ခြောက်ကလည်း အဆစ်တိုကို ပညာပြတယ်။ ဗျူဟာမှူးက စလို့ အထက် အကုန်လုံးဆီက သတင်းတွေကို သူ့တယောက်တည်း ဆီကို တင်စေတယ်။ အဆစ်တိုကို မျက်စိ၊ နား ပိတ်ထားတာ။ တလောက အဆစ်တိုရဲ့ ဂဒက် ငဗျူတကောင်က လဖက်‌ခြောက်ကို ကျော်ပြီး အဆစ်တိုဆီ စစ်ရေး အစီရင်ခံလို့ နာရီပိုင်းအတွင်း အရန်အင်အားကို ပို့ပစ်သတဲ့။ အဆစ်တို သိပြီး ဉာဏ်ကောင်းလာရင် ထိုးချလို့ မရ ဖြစ်မှာစိုးလို့တဲ့။ ခဝေးတွေကိုလည်း ဒုတ်ဘတ်ဘတ်က အဆစ်တိုဘုရားဒကာက လဗျော့ ဆိုပြီး သတင်းလွှင့်ထားတာ အတော် အောင်မြင်နေပြီလေ။ တဖက်က ကြေးမခေါ်သေးလို့သာ အဆစ်တိုကို မျှောထားတာ။ ဟိုဖက်က “ဟိုင်း” တာနဲ့ အဆစ်တိုနဲ့ ဆွေမျိုး ၇ ဆက်ကို မျောက်တုပ်ပြီး ရောင်းစားတော့မှာ။ ခုဆို အဆစ်တို အသက်ပေးပြီး ကာကွယ်ထားတဲ့ ကျားဖျန့် အဖွဲ့ကြီးကို တြုပ်တင်မက သင်းဘောသီးထောင်းတွေ ကပါ ဖျဲမယ် ခွဲမယ် တဂဲဂဲ လုပ်နေပြီမို့ စပ်ဖျဲဖျဲ မျက်ခွက်ဘေမက် ရင်မှာ မီးတောက်နေရပြီလေ။ သတင်းသဲ့သဲ့ကြားမိတာက လောက်ကိုင်ဝရမ်းပြေး ၁၀ ကောင် တြုပ်လက်အပ်ဖို့ သဘောတူလိုက်ရပြီတဲ့။ အဆစ်အနေနဲ့ အကြီးပိုင်းတကောင်ရဲ့ မိမဆုံးမ ဖမဆုံးမလေးပါ တြုပ်က ကျားဖျန့်ခေါင်းစဉ်အောက်က ထပ်တောင်းနေလို့ အဆစ်တို တို့ တိုင်ပတ်နေသတဲ့။ အာ့ကြောင့်ဖြစ်မယ် မကြာခင် ဒင်းတို့ကြားထဲက ခေါင်တကောင် ဖြုတ်ထုတ်သ-တ်ဖို့ ရှိသတဲ့။ အကြံသမား ဖြစ်တဲ့ လဖက်ခြောက်ကတော့ သစ်ကိုင်းခြောက်ပေါ်က လဒအို ရုပ်နဲ့ ခပ်တည်တည်။ “ကြင်စိုးအတွက် ဖတ်စာ” ************************* တကယ့်မျောက်လိုလည်း အဆော့မမက်နဲ့။ လဖက်ခြောက်ကိုလည်း ပေါ့မတွက်နဲ့။ တကယ့်မျောက်လို အဆော့မက်ရင် မျောက်ရှုံးကြီးဖြစ်လိမ့်မယ်။ လဖက်ခြောက်ကို ပေါ့တွက်ရင် နောက်ဆုံးခရီးလစ်လိမ့်မယ်။ **************************** ဆို့စ် - ကျူးလိ‌ပေါင် သတင်းစဉ် (ဘရုတပ်စ် အာမီ၏ သရုပ်မှန် ကဏ္ဍ)

 
 

Recent Posts

See All
ကျူးလိပေါင် သတင်းစဉ် (နိုင်ရာဝန်ထမ်း နွေဦးလမ်းကို ကမ်းကပ်သည်အထိ လျှောက်ကြရအောင် ကဏ္ဍ)

လူထုနွေဦးက အတိတ်စိမ်းပေးမှတော့ ဒီအပတ် အပူးအခွသာထိုး။ ခုန်ဆင်း၊ အိမ်တိုင်ချွတ်၊ နားကပ်ပေါင်၊ မီးဖိုချောင်ရေကြီး၊ မီးခိုးတိတ် ပိတ်သာထိုးကြ။...

 
 
ကျူးလိပေါင် သတင်းစဉ် (ဒိုမီနိုကြင်စိုး၏ နောက်ဆုံးနေ့များ ကဏ္ဍ)

သေ့ ဘော ဘိုး ရပီတဲ့။ မုတ္တမဂေလန်းတော့ ညလုံးပေါက် အိပ်နိုင်မယ်မထင်။ ဒင်းတို့အဖြစ်ကလဲ သူ့ကျွန်မခံပြီဇာတ်ကား ကြည့်ရသလိုပဲ။ နိုင်နိုး...

 
 
ကျူးလိပေါင် သတင်းစဉ် (လမ်းပုခုံးမေးတင်၊ပြေးရန်ပြင်၊ ငကြင့်ဖြစ်အင် ကဏ္ဍ)

အကုသိုလ်ကောင်နဲ့ တခါလား နှစ်ခါလား လက်လေးဆွဲ နှုတ်ဆက်မိပါတယ်။ ငပူတင်းဘွ အိမ်ဦးခန်း ဖွတ်တက်ကိန်း ဆိုက်ရှာပြီ။ ဗျူဟာမြောက်ငှက်တွေ...

 
 
  • Telegram
  • Facebook
bottom of page