သတင်း 302
- ကျူးလိပေါင်
- Nov 9, 2024
- 1 min read
တချို့(တချို့) ရှစ်ပူးတွေနဲ့ အေဘီဟောင်းတွေ တော်လှန်ရေးအောင်ခါနီးတော့ နေမထိထိုင်မသာ အတော်ဖြစ်နေကြတာ ဖုံးမရဖိမရ။ ဘာနဲ့တူသလဲဆိုတော့ ရှေ့ဖဲဝိုင်းထဲဘောင်မဝင်လို့ နောက်ကခြင်ထောင်ထဲငုတ်တုတ်ထိုင်ပြီး ဟိုဟာပစ်လိုက်လေ၊ ဒီဟာလေး မျှော်ဖဲထားလိုက် လေ၊ ဟိုဖဲကောက်စားလိုက်ပါ့လား၊ ဘာလားညာလားနဲ့ ဖဲမီးလှုံဆြာကြီးလုပ်နေကြတာ ရုပ်ပျက်ဆင်းပျက်။ အက်လောက်တတ်နေရင်လဲ ရှေ့ထွက်လာရိုက်လေလို့ သွားမခေါ်မိလေနဲ့။ သူတို့အလှည့်တုံးက ခွက်ခွက်လန်အောင်ရှုံးထားတာ ပုဆိုးဝတ်စရာတောင်မကျန်တော့လို့ ခြင်ထောင်ထဲကနေ တကောင်မှမထွက်ရဲကြဘူး။ ဒါကြောင့် နောက်ကနေ ဟောင်နေတာပေါ့။ ပိုဆိုးတာက ဒီတော်လှန်ရေးအောင်သွားမှာကို မသိစိတ်ရော၊ သိစိတ်ရောကနေ လက်မခံနိုင် ဖြစ်နေကြတာ။ ဣဿာမစ္ဆရိယ ပေါ့။ သူတို့လို ရှုံးဖော်ရှုံးဖက် မျှော်နေကြတာ။ နွေဦးလဲ ငတို့ ၈၈ တုံးကလို မလွယ်ပါဘူးကွာ။ နောက်ဆုံးတော့ ငတို့လို အရှုံးနဲ့ ဇာတ်သိမ်းရမှာဖဲ။ အက်လို သူတို့အငုံ့စိတ်က ဖြစ်စေချင်နေကြတာ။ ဒင်းတို့တွေကို ကြင်စိုးနဲ့ တန်းတူ ဓမ္မန္တရာယ်တွေလို့ မှတ်ယူရမယ်။ ခေတ်သစ်လူများ အောင်မြင်မှာကို မနာလိုမရှုစိမ့်လွန်းအားကြီးပြီး ကပျက်ယပျက် ဇွတ်လိုက်ဖျက်နေကြသူတွေ။ နွေဦးရဲ့ အမှိုက်သရိုက်တွေ။ လောင်လိုကီးတွေ။ ဒင်းတို့အကြောင်း ထူထူကြီး စာရင်းတို့ထားဖို့လိုတယ်။ တော်လှန်ရေးအောင်အပြီး အထာမထားရမယ့်စာရင်းမှာ ဒင်းတို့တွေလဲ ထိပ်ဆုံးက ပါသနော် အမျိုးတို့။ အက်အချိန်ကလဲ မဝေးတော့ပု မဟုတ်လား။ ခုတော့ လုပ်စရာရှိတာ ဆက်ဝုန်းကြစို့။ 1127 ဖက် အာရုံစိုက်ကြရအောင်။ ဒီစ-စ်က ဗြောင် ကြေညာပြီး တိုက်တဲ့စ-စ်မို့ သတိတချက်လွတ်လို့မရ။ နေ့တိုင်း အဆီတထပ်အသားတထပ် လွေးနေကြဆိုဘေမက် ဒီရက်ပိုင်း အောင်ပွဲသတင်းတွေလဲ လျော့မတွက်ပါနဲ့။ စားမြိန်တဲ့ အောင်ပွဲ တွေ မနည်းလှပါဘူး။ အကိုထွင်းတို့ လေးရပ်ဝတီမှာ စခ အုပ်ချုပ်ရေး လုံးဝရပ်သလောက်ဖြစ်သွားပြီဆိုတဲ့သတင်း။ ကလေးမြို့နယ်-ရန်ကြီးအောင် စခန်းသိမ်းအောင်ပွဲသတင်း။ မဟာဗျူဟာကျတဲ့ ရွှေပြည်အေးမြို့သိမ်း တိုက်ပွဲသတင်းတွေလဲ အဆီနဲ့တဝင်းဝင်းမဟုတ်လား။ တင်နီလာအေးနဲ့ မန်းပီဒီအက်ဖ် တပ်ဖွဲ့တွေ မတ္တရာအထိ စခန်းသိမ်းဆင်နွှဲလာနိုင်ပြီ။ မတ္တရာဆိုတာ ဒို့မန်းလေးမြို့ကြီးရဲ့ ပတ်လည်ပဟိုရ် နီးနီးဆိုမှ နီးနီးလေး။ မြနန္ဒာအေးအောင်တို့ရဲ့ အိမ်အပြန်လမ်းကလဲ ခရီးပေါက်သထက်ပေါက်လာ။ နေစိမ့်သူကြီး SSPP/SSA တောင် နမ့်ခမ်း က ကျားဖြန့်ဝင်စီးပြီးသာကောလက်အပ်။ မဲလုံးတကောင် ပတ်ဟောင်နေတာကြည့်ရင် ဒင်းတို့တွေ ဘယ်လောက် အပူလုံးကြွ ယူကျုံးမရ ရှုံးနေတာ မြင်သာပ။ အကိုထွင်းတို့ကိုတောင် ပွဲလန့်တုံးဖျာခင်းသူတွေလို့ စွတ်စွဲလိုက်သေး။ ပွဲကလန့်ရုံ ဘယ်ဟုတ်မလဲ။ ဒီပွဲက ကြင်စိုးတသိုက် အပြတ်ဖြုတ်ပြီး စိတ်ကြိုက်ပြန်ကမယ့်ပွဲ ကိုယ့်နေရာ ကိုယ့်ဖျာခင်း အောင်မြေနင်းကြတဲ့ပွဲ။ C-လုတ် နေဗီ ရန်ကွမ်းလာတာလား။ ကျားဖြန့်အကြွေးလာတောင်းတာ နေမပေါ့။ မဟုတ်တော့ရော ဘာဖစ်။ ဘမောတွေ ပဏ္ဏာယူ အာသာဖြေရုံထက် မပို။ လိုနေတာက ငတို့လက်တွေ ခိုင်ခိုင် တွဲ။ ရှေ့ဆက် ချီကြဖို့သာ။ ဆေးပေါင်းခတဲ့ညကစလို့ ခွေးအပေါင်းကြွဖို့သာ။ ကေနုနယ်က ပီဒက်တွေလဲ ဆယ်လ်မွန်ငါးတို့ အိမ်အပြန် ခရီးနှင်နေပြီ။ အိုခီနော်။ ယနေ့အတွက် စခဝေးဖတ်စာ-၁၇ *************************** လောင်လိုကီးတို့လဲ ခွင့်မပေးလေနဲ့။ ဗြောင်ဆိုတီးဖို့လဲ တွန့်မနှေးစေနဲ့။ လောင်လိုကီးတို့ကို ခွင့်ပေးရင် လွဲချက်ထွေတတ်တယ်။ ဗြောင်ဆိုတီးဖို့ကို တွန့်နှေးရင် ပွဲဆက်ရှည်တတ်တယ်။ ************************** ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (နပတကောင်းကင်ယံ မရဏမောင်းသံ ပျံလွင့်နေ ကဏ္ဍ)