top of page
Search

ကျူးလိပေါင်သတင်းစဉ် (အချဉ်မင်းကြီး ကြင်စိုးအတွက် “လတ်ဆတ်သောကြိုးကွင်းကိုစွပ်ပါ၊ အေးမြသော အခေါင်းမှာ လှဲလျောင်းပါ” ကဏ္ဍ)

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • Jun 3
  • 1 min read

“သီရိအတင်းအဓမ္မ၊ ဂျပုဇောတဓမြ၊ အပ်ကစမျိုချ” ဘွဲ့တံဆိပ်တော်ရ “အချဉ်မင်းကြီး ငကြင်စိုး” တော့ ငပိအိုးထဲ ဇောက်ထိုးကျတဲ့ မျောက်လို ဖျတ်ဖျတ်လူးနေသတဲ့။ BWM လက်စွမ်း အံ့မခန်း။ တောင်ငူငှက်သိုက် တက်နှိုက်တဲ့အကွက်က လန်းချက်၊ လွင့်ချက်။ အရိုင်းအစိုင်း ပိုင်းလော့တွေလဲ မရဏသန္နဇောချိန်တောင်မရ။ ၂ စိ ၁ ခက် အသက်ထွက်တာ ၂ ကောင် တောင်။ ၃ စိ ၂ ကောင်လဲ ကြွ။ ဒရုန်းဂိုထောင် မီးလောင်။ အတောင်ကျိုးတဲ့ ငှက်က ၃ ကောင်။ ကဲ တခေါက်လောက် လိုက်ဆိုကြည့်ရအောင်။ ဘာဒဲ့ဒုံး ပုရိတ်သတ်။ “ဒရုန်းဂိုထောင် မီးလောင်၊ အတောင်ကျိုးတာ ၃ ကောင်” ပါဖျာ့။ အိမ်း ရေစက်ခွက်ထဲ လဘက်ခြောက်လေးခပ်ပီး အာရုံပြုကြ။ သောက်ဖျင်းကြီး၊ သောက်ဖျင်းလေး မသူတော်နှစ်ပါး ဖက်ငိုနေတာကိုလဲ မြင်ယောင်ကြည့်ကြ။ ၁၀၇ မမ ကို ဂုဏ်ပြုတဲ့အနေနဲ့ သာဓု ၁၀၇ ကြိမ် ခေါ် ကြပါလေ။


“ဘာလုံတလှည့် ဘာပြန်တလှည့်” ဆိုတာ အခုတော့ သိပြီမဟုတ်လား။ တသိုက်ပြီး တသိုက်လာမယ်။ BWM က ခေါဘဏီအသိုက်ပါ မီးညှပ်နဲ့ တက်နှိုက်ပစ်မယ်တဲ့။ သီရိပြည့်စုံမေ လေးတော့ သနားဘာရဲ့။ မီးညှပ်ကို မီးဖုတ်ဖို့တော့ မမေ့နဲ့အုံး အဟက်ဟက်။ ကဲ တော့ပစ် ချော်နေတာ ပြန်တည့်မယ်။

ကြင်စိုးရဲ့ ပေါ်တာ ပေါ်လစီကလဲ ထင်တိုင်းမပေါက်ဘူးတဲ့။ ခပ်တွေးလူဟောင်းတွေက လူသစ်တွေ ထွက်ပြေးမှာစိုးလို့ စောင့်ကြည့်နေရတာ ပင်ပန်းလှပြီတဲ့။ လူသစ်များကလဲ အခွင့်အရေးလေး နည်းနည်းရတာနဲ့ မှုန်နေအောင် လစ်တာပဲတဲ့။ ဒီရက်ပိုင်း သတင်းတွေထဲ တွေ့ ကြမဟုတ်လား။

ဒီကြားထဲ အတီးတို့လက်ချက်နဲ့ ထိုင်းနယ်စပ် စားပေါက်ကပိတ်။ ပိန်ပါဒယ်ဆိုမှ အိပ်မက်ထဲ နာဠာဂီရိက ဖျင်လိုက်ထိုးတဲ့ကိန်းဆိုက်။


ပျာယီးပျာယာနဲ့ ထိုင်းမနှဲလေး ဆီသွား။ AH-1 ကိစ္စ ကေနုနဲ့ ညှိပေးပါအုံးတဲ့။ ကေနုက ဆီပုလင်းခါးချိတ်၊ လေးဘက်ထောက်၊ နောက်ပြန်လာခဲ့လို့ ပြောလွှတ်လိုက်တယ် သဲ့သဲ့ကြားမိ။


ဒါဘေမက် ဘဝင်ရူး ဘျင်ရူးက ယပ်တောင်ခေါင်းထိုးမပျက်။ ကမ္ဘာ့အရေး၊ စကြဝဠာအရေးတွေတောင် ဝင်ငံနေလိုက်သေးတယ်။ ယူကရိန်းကဘာဖြစ်၊ ထွမ့်ရဲ့ ကုန်သွယ်ခွန်က ညာဖြစ်နဲ့ အောင်နက်က အောင်နက်နေရာမနေဘဲ ဈေးခွေးလို ပတ်ဟောင်နေလေရဲ့။ ဒီလို အရူးနဲ့ ငတို့က ရှုံးစရာလား။ ဒီပွဲမနိုင် ဘယ်ပွဲနိုင်- မြိုင်မြိုင်ဆိုင်ဆိုင် ဆက်က ကြဖို့သာ။


ပြောနေကြာပါတယ်။ ရွှေအတိပြီးတဲ့ မြို့ပြများ တည်ဆောက်ဖို့၊ ကာကွယ်သူ တို့ရဲ့ဓါးတွေနဲ့ ငါတို့သမိုင်းရဲ့တောက်ပတဲ့ နေ့ရက်တွေ ဖန်တီးမယ်။ ရာဇဝင်ဟောင်းရဲ့ သင်္ချိုင်းရာကို ရာဇဝင်သစ်နဲ့ အစားထိုးမယ်။ ယုံကြည်သူတွေအသက်နဲ့ ဧရာဝတီ အိမ်အပြန် အိပ်မက်ကို ထုဆစ် နိုင်ဖို့ “ဒို့ပြန်လာပြီ ဧရာဝတီ” ကမ်ပိန်းကို ဝိုင်းဝုန်းကြပါစို့။


ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (အချဉ်မင်းကြီး ကြင်စိုးအတွက် “လတ်ဆတ်သောကြိုးကွင်းကိုစွပ်ပါ၊ အေးမြသော အခေါင်းမှာ လှဲလျောင်းပါ” ကဏ္ဍ)

 
 

Recent Posts

See All
ကျူးလိပေါင် သတင်းစဉ် (နိုင်ရာဝန်ထမ်း နွေဦးလမ်းကို ကမ်းကပ်သည်အထိ လျှောက်ကြရအောင် ကဏ္ဍ)

လူထုနွေဦးက အတိတ်စိမ်းပေးမှတော့ ဒီအပတ် အပူးအခွသာထိုး။ ခုန်ဆင်း၊ အိမ်တိုင်ချွတ်၊ နားကပ်ပေါင်၊ မီးဖိုချောင်ရေကြီး၊ မီးခိုးတိတ် ပိတ်သာထိုးကြ။...

 
 
ကျူးလိပေါင် သတင်းစဉ် (ဒိုမီနိုကြင်စိုး၏ နောက်ဆုံးနေ့များ ကဏ္ဍ)

သေ့ ဘော ဘိုး ရပီတဲ့။ မုတ္တမဂေလန်းတော့ ညလုံးပေါက် အိပ်နိုင်မယ်မထင်။ ဒင်းတို့အဖြစ်ကလဲ သူ့ကျွန်မခံပြီဇာတ်ကား ကြည့်ရသလိုပဲ။ နိုင်နိုး...

 
 
ကျူးလိပေါင် သတင်းစဉ် (လမ်းပုခုံးမေးတင်၊ပြေးရန်ပြင်၊ ငကြင့်ဖြစ်အင် ကဏ္ဍ)

အကုသိုလ်ကောင်နဲ့ တခါလား နှစ်ခါလား လက်လေးဆွဲ နှုတ်ဆက်မိပါတယ်။ ငပူတင်းဘွ အိမ်ဦးခန်း ဖွတ်တက်ကိန်း ဆိုက်ရှာပြီ။ ဗျူဟာမြောက်ငှက်တွေ...

 
 
  • Telegram
  • Facebook
bottom of page