ကျူးလိပေါင်သတင်းစဉ် (လားရှိုးပြန်ပေး ဘာအရေးလဲ ကဏ္ဍ)
- ကျူးလိပေါင်
- Apr 30
- 1 min read
ဂင်တိုလူယုတ် တကောင် ရင်ပြင်နီမှာ ခွေးသားအုပ်မ လမ်းသလားခွင့် ရတာလေးကို ရှောမွေး ဘာရာဏသီချဲ့ နေချိန် စတန်းဒွတ် အာမီကြီးခမျာ အရူးဖျင် သရဲယိုး ဘွရောက်။
ဟာလီးကွေ့မှာ တအုပ်လုံး A4ပြပြီး ၃စိ ဆူဆိုက်။ အဲ့ .. ပဲနှောက်စေ့လောက် အသားတောင် အပဲ့မခံရဲတဲ့ ဒေါ်စိန်အေး ကျောင်းဆင်းက သူ့ဖသာ ဟာရာဂီရိ ရဲပါ့မလားလို့ သံသယဝင်လို့ မဆုံးသေး။
ဂန်းရှော့က နားထင်/ ပါးစပ်မငုံပဲ နောက်စေ့ဖောက်တဲ့။ နီကြောက် တာ ဒက်ရှူးဝါး။ ဂဒက် တွေ A4ပြဖို့ ပလန်ကို ၃စိက ဝူးရှူးဝါး ထလုပ်လို့ ကိုင်ပစ်လိုက်ကြတဲ့ သဘော။ ဂွတ် ဒက်စ် ..။
ဂင်တိုလူယုတ် တို့ တသိုက် အလှမ်းကျယ်လွန်းလို့ အလယ်တွေ လတ်ကြပြီ။ ရုစကီးရဲ့ နျုခ် ကို ဆင့်ဝှေး ခွေးမျှော်ရင်း ပါရာမော်တာတွေ ဆိုသဟာလည်း ပွိုင့်ဖိုက် နဲ့ စနိုက်မိလို့ တဖုန်းဖုန်း။ ဂိုင်ရိုဆိုတာကလဲ စက်ကလေး လက်တကမ်းမို့ ရင်ခုန်စရာတစက်မှ မရှိ။
ကွမ်ပါပါး ကျေးဇူးနဲ့ ရမခ ကိုပြန်ရ လိုက်ကြပေမယ့် မုန့်ဆီကြော်လို အလယ်ပျော့ပျော့ပဲ ရသတဲ့။ လားရှိုး မြို့ထဲကို ကျော်စံကေး မျက်လုံးလေးတွေနဲ့ ပြန်ဝင်လာကြပုံ ထောက်ရင် ဘယ်နှစ်ရက်ထားရမလဲ မကြာခင် မေးကြဖို့ပဲရှိ။
တောင်ခမ်း ဖက်မှာ တီက ၂ ရွာလောက် နောက်ဆုတ်ပေးပြီး ခွေးအုပ် ကျွံလာတော့မှ ဒေါက်ဖြုတ်လို့ ဒုန်းဒုန်းဒက်ဒက် ပိုးဇိုးပက်ဇက် ဥပါရိုက်သွင်းခံရလိုက်သတဲ့။ ဒါမျိုးက ခံရလွန်းလို့ ရိုးအီမနေတဲ့အပြင် ကြင်စိုးရဲ့တပ်တော် မျက်တောင်တုတောင် ကျွတ်ကျကုန်သတဲ့။
သာကောကလဲ အောက်ဖဲအားကိုးနဲ့ စွတ်တွန်းတိုးလာတာ မြင်မိ။ လားရှိုးမှာ ပေမှေး ၈၀၀ တပ်စွဲထားသတဲ့။ ကျောက်ဖြူကို ပေမှေး ၅၀၀ လွှတ်လိုက်ကြောင်းလဲ တစွန်းတစကြားမိ။ တင်နီလာအေးကိုလဲ မင့်တို့သိမ်းထားတာ အကုန်ပြန်ပေးလို့ တောင်းဆိုသတဲ့။
ကြည့်ရတာ ပြည်တွင်း6 ကနေ ကမ္ဘာ6 ထိသွားတော့မယ် ထင်ပါ့။
အိုအေ့.. သန်းခေါင်ထက် ညဉ့်မနက်ဘူး။ ဖျာလိပ်ခေါင်းထဲ ဝင်မိမှတော့.. နောက်ဆုတ်စရာအကြောင်းမရှိ။ စင်္ကြာဝတေးမင်း ကြွချီလာလဲ ၄ဘဲ လို့သာ ပြောကြစို့။ ငတို့လမ်း ငတို့လျှောက်၊ ငတို့သာ ခရီးများဆုံးထိလျှောက်ကြသာပါ့။
ကြားမိသလောက် မအိမ်လုံးရဲ့ အတုအယောင်၊ အသိမ်အဖျင်း၊ ပေါက်လွှတ်ပဲစား ရွေးကောက်ပွဲမတိုင်မီ တော်လှန်အင်အားစုတွေ အရွှေ့ကြီးတခု လှမ်းဖို့ ရှိပါသတဲ့။
မျှော်ကြည့်စောင့်စား ခါးကိုင်တွန်းကြပါလေ။
ကြင်စိုးက လာမယ့် ဩဂုတ်မှာ ကာလုံကို နိုင်ငံတော်အာဏာ ပြန်အပ်နှင်းမတဲ့။ နာဂစ်ခြေဥအရ သူလုပ်စရာရှိတာတွေ ပြီးမြောက်အောင်မြင် ပြီးပြီဆိုတဲ့အထာနဲ့ ရွေးကောက်ပွဲလုပ်မယ်ပေါ့လေ။
လက်တွေ့မှာက သိတော်မူတဲ့အတိုင်း လားရှိုးတောင် ကွမ်ပါပါးကို မှုတ်ထု၊အပေါ်ထိုင်၊ပြောင်းဆေးလုပ်ပြီး လားရှိုးပြန်ရ ဒို့အဘ၊ လားရှိုးပြန်ယူ အမေကြူလို့ ဟာဠီးမလျော့ ကုန်းအော်နေရတဲ့ဒင်းတိုဘွ။
ဒါဘေမက် ဧရာတိုင်းလဲ ရှေ့သို့လှမ်းချီ ကြင်စိုးကြိုးစင်ဆီ၊ တခွင်တပြင်လုံး ငတို့အောင်လံတွေဖုံး နေပါပကော။
ထိုစဉ် ဗမော်တိုက်ပွဲ အပ်ပ်ဒိတ်- ကီယာရင်ခွင်ကို ကြင်စိုးရဲ့ဂျက်မ ၂၀၀ ခိုလှုံတဲ့သတင်းကလဲ ဖိုးသိုးဖတ်သပ်။
စကားလက် ဂျိုဟန်ဆန်ရဲ့ Black Widow- မုဆိုးမအာမီ လိုက်ဖ် ကြည့်နေရသလိုပါပဲ....... ကွယ်။