top of page
Search

ကျူးလိပေါင်သတင်းစဉ် (ပါးရိုက်ရင် နားကိုက်ကြစို့-ကဏ္ဍ)

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • May 18
  • 1 min read

ဒီကနေ့ စိတ်နှလုံးညှိုးချုံးရတဲ့ သတင်းက ဒပယင်း(ဒီပဲယင်း) အိုးထိမ်းရွာ သတင်းဖြစ်ပါလိမ့်မယ်။ ပဇီကြီးတုံးကလို မဲလုံးတကောင် ထွက်မဟောင်ရဲဘဲ တိုးကြောင်လေးဘူတာက ဖဲ ၃ ချပ်သမားအထာနဲ့ ဗျောင်လိမ်ဗျောင်စား သတင်းထုတ်ရဲမှုကို အံ့ဩဘ ကမ္ဘောဇပေါ့။


ဒါဘေမက်........... ဒါတွေက “လေထဲ လွင့်ပါသွား” ဖြစ်စရာမှ အကြောင်းမရှိတာ။ သတင်းအမှန်တွေက ကမ္ဘာပတ်ပြီး ကဗျာဖတ်ပြီးသား။ ဘယ်ပြေးမလဲ မိချိုသဲ။ ရေခတ်မကြုံ အီးပါကြုံမှာပဲလေ။


ဒီကြားထဲ ရွှေကျင်မှာ အပီကင်ထားတဲ့ တပ်ရင်းဌာနချုပ် ၅၉၈ ကိစ္စလဲ မမဆောင်းလို သိမ်းလိုက်၊ ပြန်ပါသွားလိုက်၊ ထင်ရာမြင်ရာတွေနဲ့ ကျူးတို့ခမျာ့ နတ်ကရာ ကြည့်မောနေရပါရောလား။


ဂျက်မြသောင်း လေသံနဲ့ပြောရရင် “ဒါလေးများ ဒါလေးများ” လုပ်ပလိုက်စမ်းဘာ။


ဖမ်းဆီးရမိ အားလုံးကို တခြားနေရာမရွှေ့လေနဲ့။ ဆန်ကုန်မြေလေးတယ်။ ဒီစခန်း ဒီနေရာမှာပဲ မအိမ်လုံးတွေ ဗုံးလာမကျဲခင် ကောင်းမွန်စွာကျွေးမွေး ပြုစုစောင့်ရှောက်ထားကြောင်း လိုက်ဖ်လွှင့်ပြ။


အိမ်း မင့်တို့ကျဲ မင့်တို့လူတွေ ေ-သ။ ဒါမျိုး လုပ်သင့်တယ် ထင်သာပဲ။


ဂိမ်းသီအိုရီတွေ ဘာတွေ အသာထား။ မအိမ်လုံးက ဘာစည်းဘာကမ်းမှ မရှိတဲ့ကောင်။ အဲ့အတွက် ကိုယ့်ဖက်ကလဲ လှလှပပ ကစားပြဖို့ လိုပါတယ်။


သောက် ၁ ယုတ်နဲ့ပတ်သက်ပြီးတော့လဲ “မျှော်တလင့်လင့်ဇာတ်ကား” မရိုက်နဲ့။ ပြတ်ပြတ်သားသား လုပ်စရာရှိတာ လုပ်ပစ်ပါ။ ဒီပွဲက တောရိုင်းဥပဒေသနဲ့ ကစားနေတဲ့ပွဲ။ ဂေါပကတွေ အလှူခံနေတာမဟုတ်ဘူး။


အိုကေ...... စိတ်က သိပ်အဆင်မပြေလို့ စာအရှည်ကြီး မရေးချင်ဘူး။


လိုရင်းပြောရရင်.. ကျွဲပါးစောင်းတီး၊ ခွေးဘေးကက်ဆက်ဖွင့်လို့ ထူးမယ်မထင်ပါဘူးဗျား။

 
 

Recent Posts

See All
ကျူးလိပေါင် သတင်းစဉ် (နိုင်ရာဝန်ထမ်း နွေဦးလမ်းကို ကမ်းကပ်သည်အထိ လျှောက်ကြရအောင် ကဏ္ဍ)

လူထုနွေဦးက အတိတ်စိမ်းပေးမှတော့ ဒီအပတ် အပူးအခွသာထိုး။ ခုန်ဆင်း၊ အိမ်တိုင်ချွတ်၊ နားကပ်ပေါင်၊ မီးဖိုချောင်ရေကြီး၊ မီးခိုးတိတ် ပိတ်သာထိုးကြ။...

 
 
ကျူးလိပေါင် သတင်းစဉ် (ဒိုမီနိုကြင်စိုး၏ နောက်ဆုံးနေ့များ ကဏ္ဍ)

သေ့ ဘော ဘိုး ရပီတဲ့။ မုတ္တမဂေလန်းတော့ ညလုံးပေါက် အိပ်နိုင်မယ်မထင်။ ဒင်းတို့အဖြစ်ကလဲ သူ့ကျွန်မခံပြီဇာတ်ကား ကြည့်ရသလိုပဲ။ နိုင်နိုး...

 
 
ကျူးလိပေါင် သတင်းစဉ် (လမ်းပုခုံးမေးတင်၊ပြေးရန်ပြင်၊ ငကြင့်ဖြစ်အင် ကဏ္ဍ)

အကုသိုလ်ကောင်နဲ့ တခါလား နှစ်ခါလား လက်လေးဆွဲ နှုတ်ဆက်မိပါတယ်။ ငပူတင်းဘွ အိမ်ဦးခန်း ဖွတ်တက်ကိန်း ဆိုက်ရှာပြီ။ ဗျူဟာမြောက်ငှက်တွေ...

 
 
  • Telegram
  • Facebook
bottom of page