top of page
Search

ကျူးလိပေါင်သတင်းစဉ် (ငကြင့်အောက်ဆွဲများ၏ အောက်ဖဲများကဏ္ဍ)

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • May 18
  • 1 min read

ဧရာဝတီက တင်ထားတဲ့ ရုပ်/သံဖိုင် ခေါင်းစီးကြည့်ပြီး ဝမ်းလျားထိုးရီလိုက်ရတယ်ဆိုတာလေ။ ဒမက် အောက်နှလုံးနာသွားလို့ အသာလေး ပက်လက်လှန် အမောဖြေရသေး။ “ပြည်သူတွေ မဲမပေးမှာကို နိုင်ငံရေးပါတီတွေ စိုးရိိမ်နေ” ဆိုပဲ။


၃၂ ပါတီ ပေါင်းကျိုလို့ ပုံကောင်းတကွက် ထွက်စရာမှ မရှိတာ။ ဘယ်သူက အရေးအရာလုပ် မဲပေးမှာလဲ။ ပီ၃လုံးမ နဲ့ က၃လုံးကောင် ရုပ်တည်နဲ့ ထွက်ဟောင်လဲ အပိုပဲ။ ဒါနဲ့ PPP ဆိုတာ သိကြလား။ ပေါက်လွှတ်ပဲစား၊ ပေါတိပေါချာ၊ ပလီပလာ ပါတီလို့မှတ်။ ပါဝါဖွတ်ကျား အစိမ်းကောင်ကလဲ အော်ဂလီမောင်မောင်ရုပ်နဲ့။ အားနေ ကိုယ့်ဟာလေးကို ဖြဲကျိနေတာကမှ သူ့ထက် ကျက်သရေရှိသေး အဟီး (မျက်စိပျော့ထှာနော်)။


ဒင်းတို့ချည်းသာလောဆိုတော့ ဘယ်ကမလဲ။ ကျားဖြူအုပ်ကြီး စိုင်းအိုက်ပေါင်း အပြောမှာ နောက်တကြိမ် ဝမ်းလျားထိုးရီမိပြန်တယ်။


“ရွေးကောက်ပွဲကတဲ့....... ကျုပ်နေတဲ့ဗဟန်းမှာ လူ ၁ သိန်းရှိတယ်ဆိုပါစို့တဲ့... အဲ ၁ သိန်းလုံး မဲလာပေးစရာမလိုဘူးတဲ့.. ၁ ထောင်လာပေးလဲ ရတယ်တဲ့.. ၁ ထောင်မလာလဲ ကိစ္စမရှိဘူးတဲ့.. ၁ ယောက်ထဲမဲပေးရင်လဲ ရွေးကောက်ပွဲက အထမြောက်တယ်တဲ့”


အဲဒါ ဥပဒေအရပဲလေတဲ့။ ဒီလေဒီမိုး ဒီလိုမအိမ်လုံးတွေ ဝင်ပြိုင်မှာတဲ့နော် ပုရိတ်သတ်။ ၁ ယောက်ထဲမဲလာပေးလဲ အထမြောက်ရင် စိုးရိမ် မနေပါနဲ့လား။ ကွကိုယ် မဲပြန်ပေးလိုက် ပြီးရော။


ယူထားတာက ပါတီခေါင်းဆောင်ရာထူးတွေ။ ရွေးကောက်ပွဲ ဥပဒေလဲ နကန်းတလုံးမှ သိဟန်မတူ။ ပြည်သူဆိုတာကိုတော့ ပါးစပ်ဖျားက မချ။ ပေါတောတော ကြောင်တောင်တောင် စကားတွေ ထွက်ပြော။

ဒါကြောင့် ၃၂ ပါတီပေါင်းကျိုလို့ ပုံကောင်းမထွက်ဘူးလို့ ပြောတာ။

ဥပဒေအရ က……

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၀ (ဂ) " ------- သို့ရာတွင် မဲစာရင်းအရ မဲဆန္ဒရှင်အားလုံး၏ ၅၁ ရာခိုင်နှုန်းက ဆန္ဒမဲပေးပြီးဖြစ်လျှင် အထမြောက်သော ရွေးကောက်ပွဲအဖြစ် သတ်မှတ်နိုင်သည်" လို့ ပါသဗျ။


ပြောသာပြောရတာ ခွေးဘေးအိုင်ပေါ့ ဖွင့်ပြတာကမှ အမြီးနှံ့ပြအုံးမယ်။


က၃လုံးကောင်လဲ လဍူပဲ။ ကြင်စိုးရဲ့ ၆ လခံဆေးက ဩဂုတ်လဆို ကုန်ပြန်ပြီတဲ့။ အာ့ စောင့်ကြည့်ရမှာပဲတဲ့။ နောက်ထပ် ၆ လခံဆေး ထိုး/မထိုးကြည့်ပြီး ရွေးကောက်ပွဲ ဘယ်တော့လုပ်မလဲဆိုတာ ရှင်းသွားမယ်တဲ့။ အတော့်ကို အပတ်တကုတ်လေ့လာထားတဲ့ ပညာရပ်တွေ ပုံအောအသုံးချပြီး ကတ္တီပါလက်အိတ်စွပ် မ တာ မ တာ ဆိုတာလေ။


ကြင်စိုးက ခြေစွယ်ငုတ်တာကို နားနှာခေါင်းလည်ချောင်းအထူးကု သွားပြတဲ့ကောင်။ သွားမခန့်မှန်းနဲ့ ရူးသွားလိမ့်မယ်ဆိုတာ သူမှ အစစ်။ ကြည့်ပါ့လား ခေါဘဏီကို။ အရူးလင်လုပ်ထားတော့ ကျွတ်ကျွတ်အိတ်မီးဟပ်ထားသလို ရှုံ့တွပိန်လိမ်။ အသုဘကမ္မဋ္ဌာန်းရှုလိုသူတွေအတွက် တထိုင်ထဲနဲ့ တမဂ်တဖိုလ်ဆိုက်စေမယ့်ရုပ်။

ဆိုတော့ ဒီလေဒီမိုး ဒီမအိမ်လုံးတွေကို အသဲကြားက မဲတပြားလဲ မပေးနဲ့၊ ငပဲကြားက ဖြဲကားတာလဲ မပေးနဲ့။ သ န ဒယ်။

 
 

Recent Posts

See All
ကျူးလိပေါင် သတင်းစဉ် (နိုင်ရာဝန်ထမ်း နွေဦးလမ်းကို ကမ်းကပ်သည်အထိ လျှောက်ကြရအောင် ကဏ္ဍ)

လူထုနွေဦးက အတိတ်စိမ်းပေးမှတော့ ဒီအပတ် အပူးအခွသာထိုး။ ခုန်ဆင်း၊ အိမ်တိုင်ချွတ်၊ နားကပ်ပေါင်၊ မီးဖိုချောင်ရေကြီး၊ မီးခိုးတိတ် ပိတ်သာထိုးကြ။...

 
 
ကျူးလိပေါင် သတင်းစဉ် (ဒိုမီနိုကြင်စိုး၏ နောက်ဆုံးနေ့များ ကဏ္ဍ)

သေ့ ဘော ဘိုး ရပီတဲ့။ မုတ္တမဂေလန်းတော့ ညလုံးပေါက် အိပ်နိုင်မယ်မထင်။ ဒင်းတို့အဖြစ်ကလဲ သူ့ကျွန်မခံပြီဇာတ်ကား ကြည့်ရသလိုပဲ။ နိုင်နိုး...

 
 
ကျူးလိပေါင် သတင်းစဉ် (လမ်းပုခုံးမေးတင်၊ပြေးရန်ပြင်၊ ငကြင့်ဖြစ်အင် ကဏ္ဍ)

အကုသိုလ်ကောင်နဲ့ တခါလား နှစ်ခါလား လက်လေးဆွဲ နှုတ်ဆက်မိပါတယ်။ ငပူတင်းဘွ အိမ်ဦးခန်း ဖွတ်တက်ကိန်း ဆိုက်ရှာပြီ။ ဗျူဟာမြောက်ငှက်တွေ...

 
 
  • Telegram
  • Facebook
bottom of page