top of page
Search

ကျူးလိပေါင်သတင်းစဉ် (ကြင်စိုးလိမ်ထုတ် ခွေးဆက်ပြုတ်-ကဏ္ဍ)

  • Writer: ကျူးလိပေါင်
    ကျူးလိပေါင်
  • May 10
  • 1 min read

ငြိမ်းခါးနီး ဆီမီးခွက် ဟုတ်ကနဲတောက်သလိုမျိုး ကြင်စိုးရဲ့အကွက်တွေက။ လည်တော့လည်တယ် နောက်ပြန်ကြီး ဆိုသလိုပေါ့။ ကိုယ်ပိုင် လေယာဉ်ဝယ်၊ ငပူဆီ ဒိုးတာ ချွေရံသင်းပင်း၊ အိမ်ဖော်ပါမကျန် အကုန်မသွားသတဲ့။ “ပြန်မလာတော့ဘူးကွယ်၊ ကိုယ်ထွက်သွားတော့မယ်” အဖြစ်ဆိုးမျိုး သူတွေးနေလေပြီ။ ခုန်ဆင်း ခြေလှမ်းသူကြိုလှမ်းတဲ့သဘော။ ဆရာတကာ ဘုရားတည်သူကတည်၊ အိမ်ဝယ်သူကဝယ်နဲ့ ရုစကီမြေမှာ ခေါင်းချဖို ပြင်နေပြီတဲ့။


ဒါဘေမက် သေတာတောင် ဝမ်းလျှောတော့ မရပ်။ ရွှးကောက်ပွဲလုပ်မယ်။ ဒီနှစ်မကုန်ခင် တနိုင်ငံလုံး ဖက်ကြမ်း ကင်းစင်စေရမယ်ဆိုပဲ။ အက်လို ကြွယ်လိုမှ မဆုံးသေး။ တောင်ပိုင်းက ဆယ်လ်မွန်ငါးတွေ ခမရ-၅၉၈ ကို ရွှေကျင်မှာ အ ေသကင်ပလိုက်တယ်။ မိုးဦးရေဆန် တေးသွားက စစ်တောင်းမြစ်တကျော ပျံ့လွှင့်မာန်ချီ။ ထီးခီးကိုလဲ အပြီးအစီးတီးပလိုက်နိုင်ပြီ။


ကာလအကြာ တိတ်ဆိတ်သယောင်ဖြစ်နေတဲ့ မြန်ပြည်အလယ်ပိုင်းက သမ္ဘူလတိုနယ်မှာလဲ ခေါင်ခြောက်ကွေးခမျာ့ ဗိုလ်စင်္ကြာလက်ချက်နဲ့ ၄ ဦးဂိမ်သွားတဲ့သတင်းလဲ တွေ့မိ။ ဟော အကိုထွင်းကလဲ ကျန်ဖြတ်စဆရ စတော့မယ်တဲ့။


ရည်မွန်စကီးပြောတဲ့ အထွေထွေထိုးစ-စ်မှာ ဘယ်သူကဇာတ်လိုက်၊ ဘယ်သူတွေက ဇာတ်ပိုဇာတ်ရံ သေချာမသိသေးသော်ငြား စင်မြင့်ပေါ်မှာ လှုပ်လှုပ်ရှားရှားတွေတော့ တော်လှန်ပုရိတ်သ-တ်တွေ စတင်ရှုစားနေရပါပြီ။


တဖက်မှာ ရင်ပြင်နီဧည့်ခံပွဲ ကြင်စိုးတက်ခွင့်ရတာ ဂုဏ်ကြီးဂုဏ်ကောင်းလုပ်နေတဲ့ မုတ္တမတသိုက်ကြည့်ပြီး ဒမှာ ရီလိုက်ရတာ အောက်နှလုံးတောင်နာတယ်။ ငတို ခေါင်းရှောင်ကြီးက ကိုယ်ပိုင်လေယာဉ်ကို ခေါင်းခန်းက စီးသွားတာလို မပြောရုံတမယ်။ ဆူးလေးအင်းစိန်များ မှတ်နေသလားပဲ။ ဟိုရောက်တော့ ဘောင်မဝင်၊ တန်းမဝင်။ ထိုင်တာတောင် ငါးမူးတန်းက တောက်တိုမယ်ရအထာနဲ့။ ပြန်လာရင် စကြာဝဠာတခွင်လုံး လက်ဝါးပြ သိမ်းပိုက်လာခဲ့သလိုမျိုး အရူးကွက်တွေခင်းဦးမှာ။


အမယ် ခေါဘဏီကလဲ လာလာချီသေး (ဖိနပ်တွေဖွက်ထားကြအုံး)။ နျူကလီးယား နည်းပညာမှာ အမျိုးသမီးများပူးပေါင်းရေး ဆွေးနွေးသတဲ့။ ကွကို ကြူကလီးယားနည်းပညာ တဖက်ကမ်းခတ်အောင် ကျင့်နေစမ်းပါ။


ကဲ ဒင်းတိုအကြောင်း သောင်းပြောင်းထွေလာ ပျော့ရတာ သန ပါတယ်။ ခွေးဖျင်ပူးတာ လက်ဖွဲပေးသင့် မပေးသင့် ဆွေးနွေးနေကြသလို အလကားအချိန်ကုန်ပါတယ်။


ကိုယ်တွေအကြောင်း အားဖြစ်စရာတွေပဲ ပြန်လှည့်မယ်။


သောက် 1 ယုတ် ဘယ်လောက်တုတ်တုတ် တင်နီလာအေးက နိုးပါတဲ့။ ဒါမျိုး မိမိတို ကြိုဆို ဝန်းရံကြရုံသာပ။ ကီယာကလည်း ဒီနှစ်မကုန်ခင် ဗျူဟာအသစ်၊ အခင်းအကျင်းအသစ်၊ ကစားကွက်အသစ်နဲ့ ပြည်သူနဲ့အတူ ကပြမယ့်အကြောင်း အသံ သဲ့သဲ့ကြား။


လောလောဆယ် တော့ ဗမော်ကို တကယ်ဆော်နေလေရဲ့။ မျက်စိကိုဖွင့် နားကိုစွင့်ထားကြ ဒိုရွာသားများ။


ဆိုစ်-ကျူးလိပေါင်သတင်းစဉ် (ကြင်စိုးလိမ်ထုတ် ခွေးဆက်ပြုတ်-ကဏ္ဍ)

 
 

Recent Posts

See All
ကျူးလိပေါင် သတင်းစဉ် (နိုင်ရာဝန်ထမ်း နွေဦးလမ်းကို ကမ်းကပ်သည်အထိ လျှောက်ကြရအောင် ကဏ္ဍ)

လူထုနွေဦးက အတိတ်စိမ်းပေးမှတော့ ဒီအပတ် အပူးအခွသာထိုး။ ခုန်ဆင်း၊ အိမ်တိုင်ချွတ်၊ နားကပ်ပေါင်၊ မီးဖိုချောင်ရေကြီး၊ မီးခိုးတိတ် ပိတ်သာထိုးကြ။...

 
 
ကျူးလိပေါင် သတင်းစဉ် (ဒိုမီနိုကြင်စိုး၏ နောက်ဆုံးနေ့များ ကဏ္ဍ)

သေ့ ဘော ဘိုး ရပီတဲ့။ မုတ္တမဂေလန်းတော့ ညလုံးပေါက် အိပ်နိုင်မယ်မထင်။ ဒင်းတို့အဖြစ်ကလဲ သူ့ကျွန်မခံပြီဇာတ်ကား ကြည့်ရသလိုပဲ။ နိုင်နိုး...

 
 
ကျူးလိပေါင် သတင်းစဉ် (လမ်းပုခုံးမေးတင်၊ပြေးရန်ပြင်၊ ငကြင့်ဖြစ်အင် ကဏ္ဍ)

အကုသိုလ်ကောင်နဲ့ တခါလား နှစ်ခါလား လက်လေးဆွဲ နှုတ်ဆက်မိပါတယ်။ ငပူတင်းဘွ အိမ်ဦးခန်း ဖွတ်တက်ကိန်း ဆိုက်ရှာပြီ။ ဗျူဟာမြောက်ငှက်တွေ...

 
 
  • Telegram
  • Facebook
bottom of page